WELCOME
Sunday, November 27, 2011
Folic acid ဖေါလစ်-အက်စစ်
Folic acid ဖေါလစ်-အက်စစ်
2011/7/13
Folic Acid က နေ့စဉ် သောက်လို့ ရပါသလားဆရာ။
Jul 14, 2011 at 12:31 PM
Folic Acid ကို နေ့စဉ် မှန်မှန်သောက်သွားရင် Side Effect ရှိတယ် ပြောကြတယ်ဆရာ။ အဲ့ဒါဟုတ်ပါသလား။ တစ်ချို့က အိမ်ထောင် ကျပြီးတဲ့သူတွေပဲ သောက်ရတာလို့ ပြောပါတယ်။ ကောင်းကျိုးအနေနဲ့ ဘာဖြစ်နိုင်တယ်၊ ဆိုးကျိုး ဘာရှိတယ်ဆိုတာ ရှင်းပြပါလား။
• ရပါတယ်။ Folic Acid = Vitamin B 9 = 0.5-1.0 mg/daily Orally/IV/IM ဖေါလစ်အက်စစ် သွေးအားကောင်းဆေး၊ Folic Acid Supplements May Fight Allergy Symptoms သွေးအားနည်းရောဂါ ကာကွယ်ရန် သောက်ရသည့် (ဖေါလစ်-အက်စစ်) သည် အစားအစာ (အလာဂျီ) ရခြင်းကို ကာကွယ်နိုင်သည်။ ထို့ပြင် မွေးရာပါ အင်္ဂါချို့ယွင်းခြင်းကိုလည်း နည်းစေသည်။
• Folic acid (ဖေါလစ်-အက်စစ်) ဆိုတာ ဗီတာမင် ဘီအုပ်စုဝင်ဆေး ဖြစ်တယ်။ Vitamin B9, Vitamin Bc, Folacin နဲ့ Folate လို့လဲ ခေါ်တယ်။
• လူတွေမှာ သွေးနီဥ နဲ့ DNA ခေါ်တဲ့ မျိုးဗီဇ တည်ဆာက်ဘို့ (ဖေါလစ်-အက်စစ်) လိုတယ်။ ဦးနှောက်-အာရုံကြောတွေ အတွက်လဲ အသုံးဝင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်မှာ နည်းနေရင် အထဲကကလေး ဦးနှောက်ဖြစ်ပေါ်တာကို အားနည်းစေမယ်။ Spina bifida ခေါ်တဲ့ ခါးရိုးဆစ်ကနေ မွေးကတည်းက အနာလိုဖြစ်နေတာမျိုးကို တားဆီးနိုင်တယ်။ ကိုယ်ဝန် ပဌမ ၃ လအတွင်း folic acid 400 (mcg) လိုအပ်တယ်။ ကလေးပျက်ကျမှာကိုလည်း တာဆီးပေးမယ်။ မွေးပြီး ကလေးနို့တိုက်ချိန် ဆိုပါစို့ ၆ လ အထိသောက်သင့်တယ်။ အထဲကကလေးမှာ NTD ဆိုတာရှိနေတာကို ဆရာဝန်ကသိရင် ဆေးကို များများပေးလိမ့်မယ်။
• ပဲနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ ပါနေတယ်။ လိမ်မော်သီးတလုံး = 54mcg; ကြက်ဥပြုတ်တလုံး = 22mcg; သင်္ဘောသီး အလတ်စားတလုံး = 115mcg; ပဲပြုတ် တခွက် = 280 mcg; ဟင်းနုနွယ်ရွက် တခွက် = 260 mcg; ထမင်းဖြူ 3/4 cup = 60mcg; ခရမ်းချဉ်သီးရည် 1 cup = 50mcg; ခေါက်ဆွဲပြုတ် 1 cup = 160mcg
• သတိထားဘို့က အစာထဲက (ဖေါလစ်-အက်စစ်) ကို မပျက်စီးအောင် နူးနပ်သွားအောင် မချက်ပြုတ်သင့်ဘူး။
• Folate-deficiency anaemia (ဖေါလစ်-အက်စစ်) နည်းတဲ့ သွေးအားနည်းတာနဲ့ iron-deficiency anaemia သံဓါတ်နည်း-သွေးအားနည်းရောဂါတွေ ဖြစ်နေသူဟာ မောပန်းနေမယ်။ အားယုတ်နေမယ်။ အစာခြေတာ မကောင်းလို့ ဝမ်းပျက်တတ်တယ်။ စားချင်စိတ် နည်းနေမယ်။ ကိုယ်အလေးချိန် ကျမယ်။ လှာနာမယ်။ ခေါင်းကိုက်မယ်။ ရင်တုန်မယ်။ သတိမေ့တတ်ပြီး အမူအယာပါ ပြောင်းလာတတ်တယ်။
• ကိုယ်ဝန်ဆောင်တွေ 1000 (UL) က လိုပြီး၊ ကလေးတွေ 150-800 (IU)? လူကြီးတွေ 400 (UL) လိုနိုင်တယ်။
• Folic acid ကို obesity အဝလွန်သူတွေ အဆီချဘို့အတွက်လည်းသုံးတယ်။ type 2 diabetesဆီးချိုသမားတွေကိုလဲ ပေးတယ်။
• Depression စိတ်ကျနေသူတွေကိုလဲ ပေးနိုင်တယ်။ Schizophrenia စိတ်ရောဂါရှိသူ၊ Memory and mental agility သတိမေ့တတ်သူတွေကိုလဲ ပေးတယ်။
• Allergic diseases (အလာဂှီ) အတွက်လဲ သုံးတယ်။
• Fertility ကလေးမရနိုင်တဲ့ အတွဲတွေ ယောက်ျားရော မိန်းမကိုပါ ပေးမယ်။
• Renal disease ကျောက်ကပ်ရောဂါ၊ Bone health အရိုးရောဂါ၊ Rheumatoid arthritis လေးဘက်နာသူတွေကိုလဲ ပေးတယ်။
• Menopause သွေးဆုံးချိန်မှာလဲ အသုံးကျတယ်။
• Antifolate ဆိုတာ ကင်ဆာ (ဆဲလ်) တွေ အပွါးမြန်တာကို တားဆီးဘို့ သုံးနိုင်တဲ့ဆေး ဖြစ်တယ်။ Methotrexate ခေါ်တယ်။ ဆေးက အလွန်ပြင်းတယ်။
• အားနည်ချက်တွေလဲ သိဘို့လိုတယ်။ Folic acid ဆေးပေးလို့ B12 deficiency ဗီတာမင် ဘီ ၁၂ နည်းတာကို ဖုံးနေစေတတ်တယ်။Folic acid ဆေးပေးတာများရင် antimalarial treatments ငှက်ဖျားဆေးပေးတာကို သက်ရောက်စေတယ်။ ငှက်ဖျားဖြစ်ရာနေရာက ၅ နှစ်အောက် ကလေးတွေပေးလို့ Iron-folic acid supplementation အားဆေးပေးတာ အသေအပျောက် ပိုများတာတွေ့ရတယ်။
Dr. တင့်ဆွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment